သတင်းများ

ဖောင်းပြင်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး
Oct 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသူများအတွက် ကာကွယ်ဆေး အလုံးရေ တစ်ထောင်ရရှိပြီး ရပ်ကွက်၊ ကျေးရွာများအလိုက် ဆေးထိုးစုရပ်များသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ စန္ဒားကျေးရွာအုပ်စု ဆေးထိုးစုရပ်၌ (၉၀၁)ဦးကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်၍ ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူများအား ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Oct 04,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စုရပ်ထားရှိကာ အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူ(၁၅၀)ဦးတို့အား ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၁၄)ကျောင်းသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Oct 04,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း သံဃာတော်များ ဆွမ်းကိစ္စအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ချောင်းဆုံ မြို့နယ် မင်းကျောင်း သာသနာ့ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒုတိယအသုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် လာရောက် ထိုးနှံသူ ၁၀၀၃၅ ဦးရှိပြီဖြစ်
Oct 04,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေးလာရောက် ထိုးနှံသူဦးရေ ၁၀၀၃၅ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
Super Bokashi သဘာဝမြေဩဇာပြုလုပ်သုံးစွဲပြီး GAP စိုက်ပျိုးနည်းစနစ်ဖြင့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်နိုင်ရန်ပညာပေးဆွေးနွေး
Oct 03,2021
တောင်ကုတ်မြို့နယ်၌ အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းနှင့် ဝန်ထမ်းများသည် အောက်တိုဘာ ၃ ရက်နေ့နံနက်တွင် ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်နေသော ချောင်းသုံးခွ ကျေးရွာမှ တောင်သူ ဦးမြင့်ရွှေ၏ ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်နေသည့် ကွင်းအမှတ် (၁၀၇)၊ ဦးပိုင် အမှတ်(၆၉) ခြံ သို့ သွားရောက်၍ သဘာဝမြေဩဇာထုတ်လုပ်သုံးစွဲနည်းများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ 
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ လုပ်ငန်းလည်ပတ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
Oct 03,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ကျောက်စံကျေးရွာရှိ ဖူးပွင့်မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လီမိတက်မှ တောင်သူ(၂၇)ဦးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် Jasmine-105 ဧက(၁၀၀)စိုက်ခင်းသို့ ရောက်ရှိပြီး စပါးပင်များ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား ကြည့်ရှုအားပေးကာ တောင်သူများနှင့် တွေ့ဆုံ၍ ဖူးပွင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လိီမိတက်မှ တာဝန်ရှိသူနှင့် တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
မိုင်းလုံမြို့  “ဖြူစင်မေတ္တာပရဟိတ”အသင်းထံ အောက်စီဂျင်အိုး(၉)လုံး လာရောက်လှူဒါန်း
Oct 03,2021
  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်၁၉-ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ယမန်နေ့က ဖြူစင်မေတ္တာ ပရဟိတအသင်းထံ အလှူရှင်များက အောက်စီဂျင်အိုး(၉)လုံး ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
မအူပင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသံချဲ့စက်ဖြင့် မြို့တွင်းသို့ လှည့်လည် အသိပညာပေး နှိုးဆော်
Oct 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း ဦးဆောင်မှုဖြင့် မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မအူပင်မြို့ပေါ်ရှိရပ်ကွက်များသို့ ယမန်နေ့ ညနေ ၄ နာရီတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြကြောင်း သိရသည်။