ကျိုက်မရောမြို့ တိုးချဲ့ဆေးရုံအသစ် RC နှစ်ထပ်ဆောင် တည်ဆောက်နေမှု ၉၅ ရာခိုင်နှုန်းပြီးစီး
Oct 04,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရန် လူနာများနှင့် လူနာစောင့် မိသားစုများ စိတ်အေးချမ်းသာစွာ နားနေနိုင်ရန်အတွက် ကျိုက်မရောမြို့ ပြည့်သူ့ဆေးရုံကြီး အတွင်းရှိ တိုးချဲ့ဆေးရုံသစ် RC နှစ်ထပ်ဆောင် တည်ဆောက်နေမှု လုပ်ငန်းများ မကြာမီကာလအတွင်း ရာခိုင်နှုန်းပြည့် ပြီးစီးနိုင်တော့မည် ဖြစ်သည်။