မင်းဘူး အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိရာ ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိ ကြကြောင်း သိရသည်။
ထိုကဲ့သို့ ထိုးနှံပေးလျက်ရှိရာတွင် ဦးစားပေး အုပ်စုများအလိုက် အသက် ၆၀ နှင့်အထက် အဘိုးအဘွားများ၊ ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများ၊ ဈေးသူဈေးသားများ၊ အချုပ်သားများနှင့် ၁၈ နှစ်ပြည့်သူများပါ ဆက်လက် ထိုးနှံပေးလျက်ရှိပြီး မြို့ပေါ် ရပ်ကွက်များအပြင် မြို့နှင့် အလှန်းဝေးသည့် ကျေးရွာများအရောက်ဆင်း၍ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာတွင် မင်းဘူး(စကု)မြို့နယ် အနေဖြင့် ဆေးအလုံးရေပေါင်း ၄၇၀၀ လုံး၊ ရရှိပြီး အကြိမ်ရေ ၂၃၅၀၀ ကြိမ်ထိုးနှံ ပေးလျက်ရှိကာ ကာကွယ်ဆေး ထိုးပြီးသူပေါင်း ၁၉၀၄၀ ဦးနှင့် ၈၁.၀၂ ရာခိုင်နှုန်း ထိုးနှံပြီးသွားကြောင်း မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ကော်မတီထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)