မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်
Oct 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က ဥယျာဉ်ရပ်ကွက်ရှိ ချယ်ရီလမ်းနှင့် သဇင်လမ်းဆုံနေရာတွင် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း (Masks) များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။