ရွှေပြည်သာမြို့နယ်၌ ကျန်းမာရေးအသိပေးခြင်းနှင့် အသက်(၅၅)နှစ်အထက်ပြည်သူများနှင့် ဦးတည်အုပ်စုများ အလိုက် ကာကွယ်ဆေးထိုးနှံရန် လှည့်လည်နှိုးဆော်
Oct 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ ကျန်းမာရေး အသိပေးခြင်းနှင့် အသက် (၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါရှိသူများနှင့် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရေး လှည့်လည် နှိုးဆော်ခြင်းများကို ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦး၏ ဦးဆောင်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်အဖွဲ့ ဝင်များက ရပ်ကွက်၊ ကျေးရွာများအလိုက် ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လှည့်လည် ဆောင်ရွက် ခဲ့ကြသည်။