သတင်းများ

ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံ
Oct 04,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို မြို့ပေါ် ရပ်ကွက်များသာမက ကျေးရွာများအထိ သတ်မှတ်စုရပ်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်-
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၈ ဦး ဆေးရုံဆင်းခွင့်ရသဖြင့် စုစုပေါင်း ဆေးရုံဆင်းသူ ၃၉၃ ဦးအထိရှိလာ
Oct 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၈ ဦးအား ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသဖြင့် စုစုပေါင်း ဆေးရုံဆင်းသူ ၃၉၃ ဦးအထိရှိလာကြောင်း သိရသည်။
ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Oct 04,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်မှစ၍ ရွာသစ် တိုက်နယ်ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာရရှိသူအား ကြက်ခြေနီအသင်း (အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးကူညီ စောင့်ရှောက်ပေး
Oct 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အကူအညီလိုအပ်သော ပြည်သူများထံ အိမ်အရောက် သွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ကသာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Oct 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ ဒုတိယအသုတ်ရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ပထမအကြိမ်အဖြစ် ယနေ့နံနက် (၈)နာရီအချိန်မှစ၍ ကသာမြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကံမမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှု (၈၀)ရာခိုင်နှုန်းခန့် ပြီးစီး
Oct 04,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်လုံလောက်စွာရရှိစေရန် အလူရှင်စေတနာရှင်များ၏ လှူဒါန်းထည့်ဝင်ငွေများဖြင့် ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုမှာ (၈၀) ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်
Oct 04,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာရာတွင် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီ က မင်းလှမြို့အဝင်တြိဂံလမ်းစုံ၌ ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကန်ကြီးရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး
Oct 04,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေး လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကန်ကြီး ရပ်ကွက်သို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။