ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မိုးညှင်းသိင်္ဂီကျောင်းတိုက်ရှိ သံဃာတော်နှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေး

ဒဂုံမြောက် အောက်တိုဘာ ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆) ရပ်ကွက်ရှိ မိုးညှင်းသိင်္ဂီကျောင်းတိုက်တွင် ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာလေး များအား ကိုဗစ်ရောဂါပိုး ရှိ/မရှိကို ယနေ့ နံနက် ၉နာရီက အဆိုပါကျောင်းတိုက်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မိုးညှင်းသိင်္ဂီကျောင်းတိုက်ရှိ သံဃာတော် (၂၂)ပါးနှင့် သီလရှင် (၉)ပါး၊ သဲအင်းဂူကျောင်းတိုက်မှ သံဃာတော်(၁)ပါး၊ စုစုပေါင်း သံဃာတော် ၂၃ ပါးနှင့်  သီလရှင် (၉) ပါးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာတင်မူမြင့်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးခဲ့ရာ သံဃာတော် (၁)ပါး၊ သီလရှင် (၁)ပါးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

 အဆိုပါ ရောဂါပိုးတွေ့ရှိသည့် ကျောင်းတိုက်သို့ ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြင့်မြင့်ရီ