သတင်းများ

အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အငြိမ်းစား ကျောင်းဆရာကြီး ဦးအောင်ဆန်း၏ ပီတိစကားသံများ
Oct 03,2021
အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မြင်းခြံမြို့မှ အငြိမ်းစား ကျောင်းဆရာကြီး တစ်ဦးဖြစ်သည့် ဆရာကြီး ဦးအောင်ဆန်း၏ ပီတိ စကားသံများကို ယခုလို ဖော်ပြလိုက်ရပါတယ်ဗျာ။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စစ်တွေမြို့ရှုခင်းသာလမ်း(ကမ်းနားလမ်း)၌ ရွေ့လျားစာကြည့်တိုက်ဖွင့်လှစ်
Oct 03,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ရုံးမှ စစ်တွေမြို့၊ ရှုခင်းသာလမ်း(ကမ်းနားလမ်း)၌ ရွှေ့လျားစာကြည့်တိုက်ဖွင့်လှစ်ကာ အပတ်စဉ်စနေ နေ့တိုင်းစာအုပ်စာပေ များကို အခမဲ့ငှားရမ်းလျက်ရှိသည်။
ပင်လောင်းမြို့နယ်တွင် ယနေ့ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် ၃၀ဦးရှိပြီး၊ ကျန်းမာရေး ကောင်းမွန်၍ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၃၁၈ ဦးရှိလာပြီဖြစ်
Oct 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယနေ့ စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် (၃၀) ဦးတွေ့ရှိ ကြောင်းသိရသည်။ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယနေ့ စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် (၃၀) ဦးတွေ့ရှိ ကြောင်းသိရသည်။
စေတနာရှင်ပြည်သူများ စုပေါင်းလှူဒါန်းသော အောက်ဆီဂျင် ထုတ်လုပ်သည့်စက် ပုဏ္ဏားကျွန်း မြို့သို့ရောက်ရှိ
Oct 03,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ခံစားနေရသူများနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ အောက်ဆီဂျင်လိုအပ်သည့် လူနာသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စေတနာရှင်ပြည်သူများမှ စုပေါင်းလှူဒါန်းသော အောက်ဆီဂျင် ထုတ်လုပ်သည့်စက်မှာ ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့မှ ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ
Oct 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အလန်းကျေးရွာ အုပ်စုအလန်းကျေးရွာ သာသနမာမကဓမ္မရိပ်သာတန်ဆောင်းတွင် ကွင်းဆင်းပေးအပ် ဆောင်ရွက်ခဲ့သည်။
ကျိုက်မရော၌ ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Oct 03,2021
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အရ အသက်၁၆နှစ်နှင့် ၁၈နှစ်ကြား (၁၈)နှစ်အထက် ကိုင်ဆောင်လက်မှတ် မရှိသေးသော ပြည်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကိုကိုလွင်နှင့် ဝန်ထမ်းများက ခရုံကျေးရွာ အလယ်တန်းကျောင်းခွဲ ခန်းမ၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။
ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် အသက်(၄၅) နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinovac) ဒုတိယအကြိမ် စတင်ထိုးနှံ
Oct 03,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြ သည့် အသက်(၄၅)နှစ်အထက်ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) အား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၉ ရက်နေ့မှစ၍ သတ်မှတ် စုရပ်များတွင် စတင်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအားတတိယအသုတ် (ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုနှံပြီးသူ(၇၀၀၀)ဦးရှိ
Oct 03,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်အသက်(၁၈)နှစ် အထက်ပြည်သူများအားတတိယ အသုတ်(ပထမအကြိမ်)ကိုဗစ်-၁၉ကာကွယ်ဆေ း(Sinopharm)ကို စက်တင်ဘာလ၂၄ရက်မှ စတင်ပြီး ကျေးလက်ကျန်းမာရေးဌာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ဆိုင်ရာညွှန်ကြား ချက်များနှင့်အညီ ထိုးနှံပေးခဲ့ရာအောက်တိုဘာလ၂ရက်နေ့တွင် ထိုးနှံပြီးစီးခဲ့ပြီး ကာကွယ် ဆေးထိုးနှံပြီးသူပေါင်း(၇၀၀၀)ဦးရှိကြောင်း သိရသည်။