သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(၂၇)ဦးထပ်မံတွေ့ရှိရပြီး မြို့နယ်အတွင်း ပိုးတွေ့လူနာ(၁၄၇၇ )ဦးအထိရှိလာ

သီပေါ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အောက်တိုဘာလ ၄ ရက်နေ့က ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၂၇)ဦးထပ်မံတွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အောက်တိုဘာလ ၄ ရက်နေ့က သီပေါမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Positive လူနာများ  နှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ(၂၈)ဦးအား COVID-19 Antigen RDT  Test Kit ဖြင့်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ(၂၇)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်း၊ အဆိုပါ ပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံရှိ  သီးသန့်ကုသကြပ်မတ်ဆောင် (Isolation Ward)တွင်   ဆေးကုသနိုင်ရေး ဆောင်ရွက် ထားရှိကြောင်းနှင့် ၎င်းပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူ များအား Home Quarantine ထားရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင်အောက်တိုဘာလ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြု လူနာပေါင်း (၁၄၇၇)ဦးရှိပြီး သေဆုံးသူ(၈၈)ဦးရှိပြီဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသူ (၈၀)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)