အိမ်မဲမြို့နယ်အိမ်မဲချောင်းအတွင်း လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် လုံခြုံရေးများလိုက်လံစစ်ဆေး

အိမ်မဲ   အောက်တိုဘာ   ၅

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများအေးချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးစသည့် ရည်ရွယ်ချက်များဖြင့် အိမ်မဲချောင်း တစ်လျှောက် လုံခြုံရေးများ လိုက်လံစစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် အိမ်မဲမြို့နယ် အိမ်မဲချောင်း (မင်းမနိုင်ချောင်း) အတိုင်း ကျောင်းကုန်းမြို့နယ် ရေလမ်းကြောင်းဆုံနေရာ၊ ပန်းတနော်မြို့နယ် ရေလမ်းကြောင်း ဆုံနေရာ(တူးမြောင်း)အစရှိသည့်နေရာများတွင် ဖြတ်သန်းသွားလာသော ရေယာဉ်များ ဆိုက်ကပ်ထား သောရေယာဉ် များကိုလုံခြုံရေးလှည့်လည်စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် ( အိမ်မဲ ပြန် /  ဆက်)