သတင်းများ

နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အသိပေး နှိုးဆော်
Oct 05,2021
နွားထိုးကြီးမို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများ သိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ဆင့်၏ ရင်တွင်းပီတိစကားသံ
Oct 05,2021
လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ ဆိုသည်အတိုင်း အောက်တိုဘာလ ၅ ရက်နေ့မှ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ဆင့်၏ ရင်တွင်း ပီတိစကားသံကို ယခုလို ဖော်ပြပေးလိုက်ပါ သည်−
မြဝတီမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ
Oct 05,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဖြစ် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ (၃) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် အသက်(၄၅)နှစ်နှင့်အထက် ပြည်သူများအား သတ်မှတ်စုရပ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 05,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၄၅)နှစ်နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးတည်အုပ်စုများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဂွမြို့စုရပ်နှင့် ကျိန္တလီစုရပ်တို့တွင် ယနေ့နံနက်ပိုင်း၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မုံရွာမြို့နယ်တွင် ဒုတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အားလုံး ထိုးနှံပြီးစီး၍ ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Oct 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ဒုတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အားလုံးထိုးနှံပြီးစီး၍ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှသိရသည်။ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ်ကို စက်တင်ဘာ(၁၆)ရက်နေ့ မှစတင်၍ ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြေပုံမြို့သို့ အောက်ဆီဂျင်ထုတ်လုပ်စက် ရောက်ရှိ
Oct 05,2021
ရခိုင်ပြည်နယ်၊ မြောက်ဉီးခရိုင်၊ မြေပုံမြို့နယ် ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်လိုအပ်သည့် လူနာများ အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေနှင့် စေတနာရှင်၊ အလှူရှင်ပြည်သူများထံမှ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်ပြီးစီးလျက်ရှိနေသော အောက်ဆီဂျင်စက်ရုံသို့ အောက်ဆီဂျင်ထုတ်လုပ်စက် သယ်ယူလာသော မော်တော်ကားကြီးသည် ယနေ့နံနက် ၉ နာရီအချိန် က မြေပုံမြို့ တရုတ်တန်းရပ်ကွက်ရှိ အောင်ဆီဂျင်စက်ရုံသို့ အောက်ဆီဂျင်ထုတ်လုပ်စက်ရောက်ရှိသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Oct 05,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ (၉)ဇုံ ခွဲခြား သတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် စက်တင်ဘာ (၂၀) ရက်နေ့မှစ၍ နေ့စဉ်နံနက် ၉ နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အငြိမ်းစားဆရာကြီးတစ်ဦး၏ ရင်တွင်းစကားသံများ
Oct 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ယနေ့ကျရောက်သောကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ်အငြိမ်းစားကျောင်းဆရာကြီးတစ်ဦးဖြစ်သည့်ဆရာကြီးဦးသန်းညွှန့်၏ ရင်တွင်းစကားသံများကိုယခုလိုဖော်ပြလိုက်ရပါတယ်။