သတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ အကြိမ်(၄၀)မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲသို့ တက်ရောက်လောင်းလှူပူဇော်
Oct 05,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကွဲမှူစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင့် အရာရှိကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲ(၁)နာရီက ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်ဆန်လှူအသင်းကြီးတို့ ပူးပေါင်းလှူဒါန်းသော အကြိမ်(၄၀) မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူပူဇော်သည်။
မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ကျစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Oct 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က မိုင်းပန်မြို့နယ်ရှိမြို့ပေါ် ရပ်ကွက်နေ အိမ်လမ်းကြားများတွင်Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Oct 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ စုရပ် နေရာ၌ ပူးပေါင်းအဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အငြိမ်းစားဆရာကြီး၏ရင်တွင်းစကားသံများ
Oct 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ အငြိမ်းစားဆရာကြီး ဦးခင်မောင်ဌေး၏ ရင်တွင်းစကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်ရှင်။
မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁) ဦး ထပ်မံသေဆုံး၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ သေဆုံးသူစုစုပေါင်း (၆) ဦးအထိရှိလာ
Oct 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံအတွင်းရှိ Isolation Ward တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူများအနက် လူနာ (၁) ဦး ယနေ့နံနက် (၆) နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သိမှတ်ဖွယ်ရာ Talk Show ဆွေးနွေးပွဲ ပြုလုပ်
Oct 05,2021
၂၀၂၁ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်သိမှတ်ဖွယ်ရာများ Talk Show ဆွေးနွေးပွဲကို ကျိုက်ထို မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နေ့လည် ၁၂ နာရီက ပြုလုပ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ် ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အောက်ဆီဂျင် စက်ရုံအတွက် အလှူငွေပေးအပ်
Oct 05,2021
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ် ကျန်းမာရေး ဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ ငွေပေးအပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ အောက်ဆီဂျင် စက်ရုံအတွက် အလှူ ငွေပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ကော့ကရိတ်မြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သိမှတ်ဖွယ်ရာများ အသိပညာပေး (Talk Show) ကျင်းပ
Oct 05,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးအငြိမ်း စားဝန်ထမ်း တို့ ပူးပေါင်း၍ ယနေ့ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်