နွားထိုးကြီး အောက်တိုဘာ ၅
နွားထိုးကြီးမို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများ သိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ချက်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစကာကွယ်ပါ ဟူသည့် ဆောင်ပုဒ်နှင့်အညီ နေအိမ်ပြင်ပ ထွက်လျှင် မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင် ကြစေရေး၊ လူစုလူဝေး ရှောင်စေရေး၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာ ခဏစနစ်တကျ ဆေးကြောကြစေရေး၊ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်မထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြစေရေး၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိ ပေးသတိပေးကြစေရေး၊ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန် ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာပေါ်ပေါက် လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကုစေရေးစသည့် အချက်များအား ပြည်သူများ သိစေရန်အသိပေး လိုက်လံနှိုးဆော်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခြင်းလုပ်ငန်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်