မြဝတီ အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဖြစ် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ (၃) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ဝိုင်း ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည့် စာရေး ဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားထားသည့် တို့ဆရာကဗျာပါ အကြောင်းအရာနှင့် စာရေးဆရာ တူးမာ ရေးသား ထားသည့် ဆရာ့ကျေးဇူးကဗျာတွင်ပါရှိသည့် အကြောင်းအရာများကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြန်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ ဝန်ထမ်းများက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)