သတင်းများ

တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Oct 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌  အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ကစတင်၍ တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာအားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်တွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးလျက်ရှိ
Oct 15,2021
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားဈေး (၃၇၀၀)ကျပ်နှုန်းဖြင့် နေပြည်တော်အတွက် စားအုန်း ဆီပိဿာ (၂၂၀၀၀)၊ တန်ချိန်(၃၆)တန်ကို ယနေ့မှစ၍ရောင်းချပေးခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
Oct 15,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်၁၀နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပကြောင်းသိရသည်၊
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများ
Oct 15,2021
ကျွန်တော်ကတော့ ကျော်လင်းဦးပါ၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်(၂)မှာ နေပါတယ်၊ ဒီကိုဗစ်က ဘယ်လိုစဖြစ်လဲဆိုရင် စစချင်းတော့ ခြေဆစ်တွေလက်ဆစ်တွေ တအား ညောင်းကိုက်တာ၊ အဲ့လိုဖြစ်တော့ အစကရိုးရိုးညောင်းကိုက်မှုလို့ပဲထင်တာ၊ နှစ်ရက်လောက် ကြာတော့ အနံ့ပျောက်သွားတယ်၊ အနံပျောက်ပြီး (၁၂)နာရီခန့်လောက်အကြာမှာတော့ အရသာပါ ပျောက်သွားတယ်၊ အဲ့ဒါကြောင့် နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံကိုသွားပြီး (RDT Test Kit)ဖြင့် စစ်ဆေးလိုက်တော့ ကိုဗစ်ပိုးတွေ့ရှိတယ်၊ အဲ့လိုကိုဗစ်ပိုး တွေ့ရှိတယ်လို့ သိလိုက်ရတော့ စိတ်ထဲမှာ အရမ်းကြောက်မိပြီး စိတ်ဓါတ်တွေကျသွားတယ်၊
ငါန်းဇွန်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး
Oct 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ငါန်းဇွန်မြို့နယ် ဦးစီးမှူးရုံး၌ အမှတ်(၄)ရပ်ကွက်မှ ပြည်သူများအတွက် ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ခင်ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
အသက် ၁၂နှစ်အထက်ကျောင်းသားကျောင်းသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေးသည့်စုရပ်နေရာ၌အသိပညာပေး စာစောင်များဖြန့်ဝေ
Oct 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊  နဝဒေးရပ်ကွက်ရှိ အမှတ်(၂၀) အခြေခံ ပညာအထက်တန်းကျောင်းတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်  (၁၂ )နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac)ထိုးနှံပေးသည့် စုရပ်နေရာ၌ ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေး စာစောင် ဖြန့်ဝေပေးခြင်းနှင့်ဗွီနိုင်းပိုစတာကပ်ခြင်းကို ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်နေ ပြည်သူများအား မိုဘိုင်းအဖွဲ့ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Oct 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်နေပြည်သူများအား မိုဘိုင်းအဖွဲ့ဖြင့် ကိုဗစ် -၁၉ရောဂါ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ မွန်းလွဲ ၁၃:ဝဝ နာရီက ဆောင်ရွက်ခဲကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး(Sinovac)ဆက်လက်ထိုးနှံ
Oct 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ၁၉ရောဂါဖြစ်ပွားမှုမှ   ကြိုတင်ကာကွယ် နိုင်ရန် အတွက်    ပထမကြိမ်   ကိုဗစ်ကာကွယ်ဆေး စတုတ္ထရက်ကို  ယနေ့နံနက် ( ၉ ) နာရီက ရေဆင်း(အ.ထ.က)ကျောင်းနှင့် ပြည်စံအောင်  (အ.ထ.က)ကျောင်းတို့တွင် ကာကွယ်ဆေး  ထိုးနှံပေးခဲ့သည်။