ပုလော အောက်တိုဘာလ ၅
လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ ဆိုသည်အတိုင်း အောက်တိုဘာလ ၅ ရက်နေ့မှ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ဆင့်၏ ရင်တွင်းပီတိစကားသံကို ယခုလို ဖော်ပြပေးလိုက်ပါ သည်−
မေး။ မင်္ဂလာပါ ဆရာမကြီးရှင်။
ဖြေဓ မင်္ဂလာပါ။
မေး။ ဆရာမကြီးရဲ့ နာမည်၊ အသက်၊ နေရပ်လိပ်စာလေးကို မိတ်ဆက်ပေးပါရှင်။
ဖြေ။ ကျွန်မနာမည်ကတော့ ဒေါ်ယဉ်ယဉ်ဆင့်ဖြစ်ပါတယ် အသက်ကတော့ ၆၈ နှစ်ပါ။ နေတာကတော့ မြေနီကုန်းလမ်း၊ အမှတ်(၃) ရပ်ကွက်၊ ပုလောမြို့မှာ နေပါတယ်။
မေး။ ပညာရေးဝန်ထမ်းကာလမှာ ဆရာမကြီးအနေနဲ့ တာဝန်ယူခဲ့တာတွေကိုလဲ ပြောပြပေးပါရှင်။
ဖြေ။ ကျွန်မ အလုပ်စတင်တုန်းကတော့ အထက်တန်းပြနဲ့ အလုပ်စတင်ပါတယ်။ ပြီးတော့ အလယ်တန်း ကျောင်းအုပ်၊ ပြီးတော့ အထက်တန်းကျောင်းအုပ် အဆင့်ဆင့် ရာထူးတိုးတက်ပြီးတော့ ပင်စင်ယူခဲ့တာ ဖြစ်ပါတယ်။
မေး။ ဆရာမအနေနဲ့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေကို လက်ဆင့်ကမ်းပေးချင်တဲ့ စကားလေးလဲ ပြောပြပေး ပါရှင်။
ဖြေ။ ကျွန်မအနေနဲ့ လက်ဆင့်ကမ်းပေးချင်တာကတော့ ဆရာ/ဆရာမများအနေဖြင့် ပညာသင်ကြား တဲ့နေရာမှာ ကျောင်းသား၊ ကျောင်းသူများအပေါ်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာစတဲ့ နာများစွာဖြင့် သင်ကြားပေးရမှာ ဖြစ်ပါတယ်။ စာမေးပွဲ အောင်မြင်ယုံသာမက တတ်အောင်လည်း သင်ပေးရပါမယ်။ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ကလည်း စာမေးပွဲအောင်ယုံ၊ အောင်လက်မှတ်ရယုံ မဟုတ်ဘဲနဲ့။ တကယ်တမ်း တတ်မြောက်သွားအောင် ကြိုးစားပြီးတော့ သင်ကြားဖို့ လိုအပ်ပါတယ်။
မေး။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဘဝတွေအတွက် ဆရာမတစ်ဦးအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ပြောပြပေးပါရှင်။
ဖြေ။ ဆရာ၊ ဆရာမများဟာ ကျောင်းသား၊ ကျောင်းသူများရဲ့ ဘ၀လမ်းမှန်ကို ရရှိရေးအတွက် ကောင်းမွန်စွာ ပဲ့ကိုင်ပေးဖို့ လိုအပ်ပါတယ်။ ဆရာဟာ တပည့်ကျောင်းသားများကို လမ်းမှန်ရောက်အောင် ညွှန်ကြားပြသဖို့ လိုပါတယ်။ ဆရာညွှန်ကြား ပြသတာမကောင်းဘူးဆိုရင် ကျောင်းသူ/ ကျောင်းသားများက လမ်းမှားကို ရောက်သွားတတ်ပါတယ်။
မေး။ ဆရာမကြီးတို့ တာဝန်ထမ်းဆောင်စဉ် ကာလတုန်းက တပည့်များအပေါ် လိမ္မာယဉ်ကျေးအောင် ဘယ်လို သွန်သင် လမ်းညွှန် ဆုံးမမှုပေးခဲ့ပါသလဲရှင့်။
ဖြေ။ တပည့်များကို သွန်သင်ဆုံးမရာတွင် စာပေပညာကိုသာမက တပည့်များရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ စသည်အားဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားပြီးတော့ သင်ကြား ပေးသင့်ပါတယ်။
မေး။ ဆရာမကြီးရှင့် ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်နဲ့ ပတ်သက် ပြီး တော့လည်းရှင်းပြ ပေးပါဦးရှင့်။
ဖြေ။ ဆရာကျင့်၀တ်နဲ့ပတ်သက်ပြီးတော့ ကျင့်ဝတ် (၅) ပါး အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအံ့ပို့ ဆရာတို့ဆိုတဲ့အထဲမှာ ဆရာဟာအတတ်ပညာသင်ပေးယုံနဲ့ ဆရာ့၀တ္တရား ကျေပွန် တယ်လို့ ပြောလို့မရပါဘူး။ တပည့်များကို လမ်းမှားမရောက်အောင် ဆုံးမညွှန်ကြား ရပါမယ်။ အတတ်ပညာ ကိုလည်း ကုန်စင်အောင် သင်ကြားပေးရပါမယ်။ ဆိုရိုးစကားရှိပါတယ်။ ရှေ့စင်ထက် နောက်စင်က ပိုပြီးတော့ မြှင့်ရမယ်ဆိုတဲ့စကားအတိုင်းပဲ တပည့်များကို အဘက်ဘက်က ထူးချွန်အောင် သင်ကြားပြသပေးရမှာ ဆရာရဲ့ ကျင့်ဝတ်ဖြစ်ပါတယ်။ တပည့်ကျင့်ဝတ် (၅)ပါးထဲကအတိုင်း ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုးဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်ဆိုဲအတိုင်း ဆရာရဲ့ဆုံးမပြောဆိုမှုကို နာယူတတ် ရမယ်။ နာခံ တတ်ရမယ်။ ပြီးတော့ အတန်းပညာကို သင်ယူယုံသာမက သင်ယူထားတဲ့ အတတ်ပညာကိုလည်း တွေးတော ကြံဆစေလိုပါတယ်။ ဒါမှတပည့်ကျင့်ဝတ်နဲ့ညီမှာ ဖြစ်ပါတယ်။
မေး။ ကမ္ဘာ့ဆရာများနေ့နဲ့ပတ်သက်ပြီး ဆရာမကြီးအနေနဲ့ အမှတ်တရ ပီတိ စကားလေးလဲ ပြောပြပေး ပါအုံး ရှိရင်ပြန်လည် မျှဝေပေးပါ ဦးရှင့်။
ဖြေ။ ကမ္ဘာ့ဆရာများနေ့ကို ကမ္ဘာ့မှာသာမက မြန်မာ့တွင်လည်း နေ့တစ်နေ့ အဖြစ်သတ်မှတ်ပြီးတော့ ဂုဏ်ပြု တယ် ဆရာရဲ့ အခန်းကဏ္ဍတွေကို အသိမှတ်ပြုပေးတယ်။ အခမ်းအနားကိုလည်း ကျင်းပပေးတဲ့အတွက် ကျွန်မတို့ အနေနဲ့ ၀မ်းမြောက်၀မ်းသာ ဖြစ်ရပါတယ်။
မေး။ အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့ ဆရာမကြီးကို လည်း အထူး ကျေးဇူးတင် ပါတယ်ရှင့်။
ဖြေ။ ကျွန်မ အနေနဲ့လည်း ကျေးဇူးတင်ပြတယ်။
အေးအေးမော်(ပုလော)