သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပ
Oct 05,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကမ္လာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာဖတ် ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့မယာယီဈေး (ကျောက်တိုင်ကွင်း)၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေး လူထုအသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်
Oct 05,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း မျက်နှာဖုံးများ စနစ်တကျတပ်ဆင်အသုံးပြုရေး လူထုအသိပညာပေး လှုပ်ရှားမှုကို ယမန်နေ့ နံနက်ပိုင်းက မြို့မယာယီဈေး (ကျောက်တိုင်ကွင်း)၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လိပ်သိုမြို့တွင်  ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်
Oct 05,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သည့်  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာ မောင်မိုးယံ ရေးသားသော  “လူငယ်နှင့်အနာဂတ် ဘ၀မြှင့်တင်ရေးဆောင်းပါများ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယနေ့နံနက် (၉) နာရီအချိန်က လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့်စကောကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Oct 05,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်မာဘာသာ၊စကောကရင်ဘာသာတို့ဖြင့် ယနေ့ နံနက်(၈)နာရီအချိန်က မြို့ပေါ် ရပ်ကွက်များနှင့်လမ်းဆုံလမ်းခွများ တွင် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များ မြန်မာနှင့် ရှမ်းဘာသာဖြင့် လှည့်လည်နှိုးဆော်
Oct 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များအား အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးလှည့်လှည် နှိုးဆော် ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ကိုဗစ်ရောဂါအတည်ပြု ၇ ယောက်မြောက် ကိုယ်ဝန်ဆောင်လူနာအား အောင်မြင်စွာ ခွဲစိတ်မွေးဖွား
Oct 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲချိန်၌ အမှတ်(၅) ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ်ရှိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အား ခွဲစိတ်၍ အောင်မြင်စွာကလေးမွေးဖွားပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်းပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံ
Oct 05,2021
 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ကိုဗစ်-၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိပြီး ၊ကိုဗစ်-၁၉ရောဂါကူးစက်ခံရသော်လည်း ပြန်လည် ကောင်းမွန်လာသူ ဒေါ်ဝင်းနု ၏ ရင်တွင်းစကားသံကို ဖော်ပြပေးလိုက်ရပါသည်။
နမ့်စန်တွင်  ယမန်နေ့၌  ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၉ ဦးစစ်ဆေးတွေ့ရှိ
Oct 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်း မှ ယမန်နေ့ နေ့လယ်ပိုင်းအတွင်း  RDT Test kit စစ်ဆေးမှုအရ  အမျိုးသား ၁၁ ဦး  နှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၉ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။