ငရုတ်ကောင်းမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အငြိမ်းစားဆရာကြီးတစ်ဦး၏ ရင်တွင်းစကားသံများ

ငရုတ်ကောင်း အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ယနေ့ကျရောက်သောကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ်အငြိမ်းစားကျောင်းဆရာကြီးတစ်ဦးဖြစ်သည့်ဆရာကြီးဦးသန်းညွှန့်၏ ရင်တွင်းစကားသံများကိုယခုလိုဖော်ပြလိုက်ရပါတယ်။

ဆရာ့နာမည်ကတော့ဦးသန်းညွှန့်ဖြစ်ပါတယ်။

ဆရာကတော့ ရွှေသောင်ယံ(အထက)မှ အငြိမ်းစားယူထားသူတစ်ဦးဖြစ်ပါတယ်။ ယခင်ကတော့ ငရုတ်ကောင်း(အထက)မှာ အထက်တန်းပြဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့ဆရာ၊ ဆရာမများဟာလောကီအကျိုး၊ လောကုတ္တရာအကျိုးနှစ်ဖြာသော အကျိုးကောင်းသော အသက်မွေးဝမ်းကြောင်းပေါ်မှာ ရပ်တည်ပြီးတော့ အနာဂတ်တိုင်းပြည်အတွက် လူသားအရင်းအမြစ်မွေးထုတ်ပေးရတဲ့ဆရာ၊ ဆရာမများအပေါ် နိုင်ငံတော်မ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ပြီး ဆောင်ရွက်ပေးတဲ့ အတွက်ဝမ်းသာ ပီတိဖြစ်ရပါတယ်။

ဆရာကြီး​ပြောချင်တာကတော့ဆရာ၊ ဆရာမတွေဟာကိုယ့်တပည့်တွေကို ကျောင်းစာတစ်ခု သာမက လူကောင်း၊ လူမွန်များဖြစ်အောင်ပြုစုပျိုး ထောင်သင်ကြားရပါတယ်။ အဲဒီအတွက်လူမွန်တွေကောင်း၍ လူကောင်းတွေတော်ကြပါစေ၊ ဆရာသည်အတွေ့အကြုံနှင့် အတွေးအခေါ်ကိုပေါင်းစပ်၍ ကောင်းကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်နိုင်သူဖြစ်ပါတယ်။ အဲဒါကြောင့်ဆရာကောင်းတွေတော်၍ ဆရာတော်တွေကောင်းကြပါစေ၊ ကမ္ဘာကြီးတစ်ခုလုံးမှာ ဆရာဆိုတဲ့ လူတန်းစားဟာအရေးကြီးဆုံး လူတန်းစားတစ်ရပ်အနေနဲ့ မဖြစ်မနေရှိနေရတာဖြစ်ပါတယ်။ ဘာသာတရားအဆုံးမ တိုင်းဟာလည်း ခေါင်းဆောင်တွေဟာ ဆရာအဖြစ်နဲ့ ဆုံးမသြဝါဒပေးခဲ့ကြရတာပါပဲ။ လောကကြီးတစ်ခုလုံး တိုးတက်စည်ပင်ငြိမ်းချမ်းဖို့ အတွက်လည်းဆရာတွေရဲ့ တာဝန်ဟာအဓိကကျတာပဲဖြစ်ပါတယ်။ ကြီးမားတဲ့တာဝန်တွေကို ယူထားကြရတဲ့ဆရာများအနေနဲ့ ဆရာ့ဘဝ၊ ဆရာ့သိက္ခာ၊ မပျောက်ပျက်ပဲလောကကြီးကို တိုးတက်အောင်ဖန်တီးပေးကြပါ ပြောရင်းနဲ့လို့ ကမ္ဘာ့ဆရာများနေ့မှာဂုဏ်ပြုဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ငရုတ်ကောင်း(ပြန်/ဆက်)