မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ
Oct 05,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ်အဖြစ် အသက်(၅၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြင်းခြံမြို့နယ် အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊တလုတ်၊ နွားဘူးအိုင်၊ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ(၇)ခုနှင့် မြင်းခြံမြို့၊အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ ဗိမာန်တို့တွင် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။