ဂွ အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၄၅)နှစ်နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးတည်အုပ်စုများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဂွမြို့စုရပ်နှင့် ကျိန္တလီစုရပ်တို့တွင် ယနေ့နံနက်ပိုင်း၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ထိုးနှံပေးလျက်ရှိရာတွင် ဦးစားပေးအုပ်စုများအလိုက် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် စုရပ်(၃)ခုရှိသည့်အနက် စုရပ်(၂)ခုတွင်သာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းနှင့် ဆပ်သွားစုရပ်(၁)ခုတွင် ဆေးရရှိမှုလက်ကျန် ကုန်ဆုံးသောကြောင့် ဆေးထိုးနားထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးမှုတွင် ဂွမြို့နယ်အနေဖြင့် စက်တင်ဘာလ (၂၀)ရက်နေ့မှ အောက်တိုဘာလ (၄)ရက်နေ့အထိ ကာကွယ်ဆေး ထိုးပြီးသူပေါင်း ၇၆၁၄ဦးရှိကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်ကူညီပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်