သတင်းများ

မလှိုင်မြို့နယ်၌ အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူ (၁၄၈၃ဝ) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များထိုးနှံပေးမည်
Oct 06,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီ နှင့် မြို့နယ်ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများတွေ့ဆုံ၍ အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူများကို ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး  လုပ်ငန်းညှိနှိုင်း အစည်းဝေးကို မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့က ကျင်းပခဲ့ကြောင်းသိရသည် ။
ဟင်္သာတမြို့နယ်တွင်၂၀၂၁ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့်"ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဆရာမကြီး ဒေါ်တင်တင်လိူင် ၏ရင်တွင်း စကားသံများကိုတွေ့ဆုံမေးမြန်းခြင်း
Oct 05,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်၂၀၂၁ ခုနှစ် အောက်တိုဘာ (၅)ရက်နေ့တွင် ကျရောက်သည့်"ကမ္ဘာ့ဆရာများနေ့"အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဆရာမကြီး ဒေါ်တင်တင်လိူင်၏ရင်တွင်း စကားသံများအား တွေ့ဆုံမေးမြန်းခြင်းကို ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့၊ သုံးပင်ကွင်း အလယ်လမ်းရှိဆရာမကြီး နေထိုင်သောနေအိမ်တွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကြောင်းသိရသည်။
ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်
Oct 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကင်းတော်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ရှေ့တန်းရောက် တပ်မတော်သားများနှင့် ဝန်ထမ်းများ စုပေါင်း၍ စားနပ်ရိက္ခာများ ထောက်ပံ့
Oct 05,2021
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ရှေ့တန်းရောက် တပ်မတော်သားများနှင့် ဝန်ထမ်းများ စုပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စားဝတ်နေရေး ခက်ခဲသည့် ဒေသခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း၌ Sinopharm ကိုစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Oct 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ဦးတည်အုပ်စု(၂၃)ရှိ ကျေးရွာများ၌ Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် အချိန်နှင့်တပြေးညီ ကာကွယ်နိုင်ရေးအတွက် မီးငြှိမ်းသတ်ရေးစွမ်းရည် သရုပ်ပြပြိုင်ပွဲ ကျင်းပ
Oct 05,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် (၈)နာရီအချိန်က မီးသတ်ဦးစီးဌာန ရုံးရှေ့ကွင်းပြင်၌ မီးငြှိမ်းသတ်ရေး စွမ်းရည်သရုပ်ပြပြိုင်ပွဲကို ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်သည်။
ချောင်းဆုံတွင် (၁၂) နှစ် နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး အစည်းအဝေးပြုလုပ်
Oct 05,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း ၊ အလယ်တန်းကျောင်းများတွင် ပညာသင်ကြားနေသော အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် (၁၂) နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်နှင့် ဒုတိယ မြို့နယ်ပညာရေးမှူးများ (ထက်၊လယ်) ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ရပ်ကွက်အလိုက် ကွင်းဆင်းထိုးနှံပေးလျက်ရှိ
Oct 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ဒေသခံပြည်သူများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့် ဦးဆောင်ကာ ကျန်းမာရေး၊ စည်ပင်၊ လူမှုဝန်ထမ်း၊ မီးသတ်၊ ပြန်/ဆက်၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ ညနေ (၄) နာရီအချိန်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။