မြေပုံမြို့သို့ အောက်ဆီဂျင်ထုတ်လုပ်စက် ရောက်ရှိ

မြေပုံ  အောက်တိုဘာ  

ရခိုင်ပြည်နယ်၊ မြောက်ဉီးခရိုင်၊ မြေပုံမြို့နယ် ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်လိုအပ်သည့် လူနာများ အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေနှင့် စေတနာရှင်၊ အလှူရှင်ပြည်သူများထံမှ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်ပြီးစီးလျက်ရှိနေသော အောက်ဆီဂျင်စက်ရုံသို့ အောက်ဆီဂျင်ထုတ်လုပ်စက် သယ်ယူလာသော မော်တော်ကားကြီးသည် ယနေ့နံနက် နာရီအချိန် က မြေပုံမြို့  တရုတ်တန်းရပ်ကွက်ရှိ အောင်ဆီဂျင်စက်ရုံသို့ အောက်ဆီဂျင်ထုတ်လုပ်စက်ရောက်ရှိသည်။

မြေပုံမြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ဆီဂျင်ထုတ်လုပ်စက်ရုံ တည်ဆောက်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေနှင့် စေတနာရှင် ပြည်သူများမှ ထည့်ဝင်လှူဒါန်းငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံ အတွင်းအရေးပေါ်လူနာများအတွက် လိုအပ်သောအောက်ဆီဂျင်ကို အချိန်မီဖြည့်ဆည်းပေးနိုင်မည်ဖြစ်ရာ တစ်နေ့လျှင် လီတာ(၄၀)ဆန့် အောက်ဆီဂျင်ဗူး အလုံး(၆၀)ကျော်ထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး ကော်မတီမှ သိရသည်။

တင်ဝင်း