ဆွမ္မရာမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေး
Oct 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လေရှီးမြို့နယ် ဦးစီးမှူးရုံး အစီအစဉ်ဖြင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆွမ္မရာမြို့၊ ရပ်ကွက်(၂)ရုံး၌ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။