Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
တနင်္သာရီမြို့နယ်၊ (လဝက)ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဘန်းလမွတ်ကျေးရွာအုပ်စုတွင် နိုင်ငံသားကတ်နှင့် အိမ်ထောင်စုစာရင်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး
Jun 01,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ကြွယ်နှင့် ဝန်ထမ်း(၆)ဦးတို့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခြင်းအား မေလ ၂၉ ရက်နှင့် ၃၀ ရက် (၂)ရက်တိတိ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း နိုင်ငံသားစိစစ်ရေး ကတ် (၁၀နှစ် ပြည့်/ ၁၈ နှစ်ပြည့်) ပြုလုပ်ပေး ခြင်း၊ ၁၈ နှစ်ပြည့်လဲလှယ်ခြင်း၊ ပျောက်ဆုံး ပျက်စီး၍ မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်ပေးခြင်းတို့အား ကျေးရွာအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ် အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အော်ရေးရှားသစ်ပင် အမြစ်ဆွေးမြေ့၍ လဲပြိုမှုဖြစ်ပွား
Jun 01,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၀လမ်းနှင့်၁၂လမ်းကြား ၊၇၃လမ်း အရှေ့ဘက်ရှိ အမြင့်ပေ(၅၀)၊ လုံးပတ်(၄)ပေခန့်ရှိ အော်ရေးရှား သစ်ပင်တစ်ပင်မှာ ယနေ့နံနက်၉နာရီကျော်က အမြစ်ဆွေးမြေ့၍ ၇၃လမ်းမပေါ် ကန့်လန့်ဖြတ်လဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိ
Jun 01,2021
အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကော့သောင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၈နာရီမှ စတင်၍ ကျောင်းသား၊ကျောင်းသူများ မိမိတို့ အပ်နှံထားသော ကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ သွားရောက်ပညာသင်ကြားကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
လပွတ္တာခရိုင် ၊မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံ ပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများတွင် ယနေ့ နံနက်(၉)နာရီခွဲအချိန်က စတင်၍ ဖွင့်လှစ်ပညာ သင်ကြား လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား
Jun 01,2021
နွားထိုးကြီးမြို့နယ်အတွင်းရှိ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့နံနက် ၈နာရီက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ အခြေခံပညာကျောင်းများကို ယနေ့မှစတင်၍ ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ ပညာတက်ရောက်သင်ကြားလျက်ရှိကြောင်း ခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28263
Page
28264
Page
28265
Page
28266
Current page
28267
Page
28268
Page
28269
Page
28270
Page
28271
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department