မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁) ဦး ထပ်မံသေဆုံး၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ သေဆုံးသူစုစုပေါင်း (၆) ဦးအထိရှိလာ

မိုင်းပန် အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံအတွင်းရှိ Isolation Ward တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူများအနက် လူနာ () ဦး ယနေ့နံနက် () နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဆေးကုသမှုခံယူနေသည့် အနောက်ရပ်ကွက်နေ အသက် (၆၃)နှစ်အရွယ် အမျိုးသား () ဦးသည် ယနေ့ နံနက်() နာရီအချိန်ခန့်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိသည့်အပြင် နာတာရှည် အဆုပ်ရောင်ရောဂါ၊ နှလုံးရောဂါ၊  သွေးတိုးရောဂါတို့ဖြင့် သေဆုံးသွား ခဲ့ကြောင်း မြို့နယ် ပြည်သူ့ ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရပြီး ချက်ချင်း သုဿန်သို့ပို့ဆောင်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသေဆုံးမှုအနေဖြင့် စက်တင်ဘာလ အတွင်း၌ () ဦး၊ အောက်တိုဘာလအတွင်း၌ ယနေ့အထိ () ဦး စုစုပေါင်း () ဦးအထိရှိကြောင်း သိရသည်။

စိုင်းဆန်းမြင့်