မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်များကို ကွင်းဆင်းဆောင်ရွက်ပေး
Oct 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သတ်မှတ်ချက်နှင့် ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးလျှက်ရှိ ရာမြို့နယ်အတွင်းရှိ အထိုင်တပ် (၂၅) တပ်မှ တပ်မတော်မိသားစုဝင် အိမ်ထောင်စု (၅၇၉) စုနှင့် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် နိုင်သားစိစစ်ရေး ကတ်ပြားပြု လုပ်သူ(ကျား) (၉၄၄)ဦး၊ (မ) (၁၀၅၅) ဦးစုစုပေါင်း (၁၉၉၉)ဦး တို့ကိုမ င်္ဂလာဒုံတပ်မတော် စစ်ဆေးရုံကြီး (ကုတင် ၁၀၀၀) တွင်အောက်တိုဘာ (၁၆)ရက်နေ့၌ အခမ်းအနားပြုလုပ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်သွားမည်ဟုသိရသည်။