မိုင်းပန် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က မိုင်းပန်မြို့နယ်ရှိမြို့ပေါ် ရပ်ကွက်နေ အိမ်လမ်းကြားများတွင်Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ယင်းသို့ နှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အတွက် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေနေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(mask)ကို စနစ် တကျတပ်ဆင်ရန်၊ အိမ်တွင်ဧည့်သည်များအား လက်ခံခြင်းမပြုရန်၊ နှာခေါင်းစည်း mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့်သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ အပြင်မှပြန်လာသောအခါ (mask)များကို စနစ်တကျ စွန့်ပစ်ရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် ဆေးရန် နှင့် မိမိတို့ နေ့အိမ်၌ဖျားနာခြင်း၊ အနံ့မရခြင်းနှင့် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်း ပါ၀င်ကြရန် စသည့် ကျန်မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြန်မာဘာသာနှင့် ရှမ်းဘာသာ နှစ်မျိုးဖြင့် လှည့်လည် တိုက်တွန်းနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)