သတင်းများ

ကျိန္တလီမြို့၌ အသက်(၄၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပဉ္စမနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 06,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမနေ့ဆက်လက်ထိုး နှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမစုရပ်၌ ယမန်နေ့နံနက် ၉ နာရီ အချိန်မှညနေ(၃) နာရီအချိန်ထိ အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၃)ရပ်ကွက်၊ စေတီကွင်း ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာအုပ်စုတို့မှ အသက်(၄၅)နှစ် အထက်ပြည်သူများအား ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ပုလောမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး နိုင်ရေး အစီအမံများ ချပြဆွေးနွေး
Oct 06,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၁၂)အထက် ကျောင်းသား/ သူများအတွက် ကိုဗစ်ရောဂါကာကွယ်ဆေး အောက်တိုဘာလ ဒုတိယအပတ်တွင် ထိုးနှံပေးနိုင်ရေး အစီအမံများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့နယ်ခန်းမ၌ ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Oct 06,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစု မြို့နယ် ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောက်တိုဘာလ (၄) ရက်နေ့နှင့် (၅) ရက်နေ့က ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့် ရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Oct 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နေ့လယ် ၃ နာရီခန့်က  “လူငယ်နှင့် ရည်မှန်းချက် ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နမ့်စန်တွင်  အောက်တိုဘာ ၅ ရက်နေ့၌  ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦးသေဆုံးပြီး ကိုဗစ်-၁၉ လူနာအသစ် ၂၂ ဦးစစ်ဆေးတွေ့ရှိ
Oct 06,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ ၂ရက်နေ့၌ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိ၍ ကုသမှုခံယူလျှက် ရှိသော အမှတ်(၅)ရပ်ကွက် မှ အသက်၇၆ နှစ်အရွယ် အမျိုးသား ၁ ဦး သည်  ယမန်နေ့နံနက် ၃နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ရာ မြို့နယ်မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့်အညီ နေ့ချင်းမီးသင်္ဂြိုလ် ခဲ့ကြောင်းသိရသည်။
နမ့်စန်တွင် Mask မတပ်ဆင်ဘဲ သွားလာနေသူ ၈၀ဦးကို RDT Test Kit ဖြင့် စစ်ဆေး ၊ အမျိုးသား ၂ ဦးထံတွင်  ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိ
Oct 06,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် Mask မတပ်ဆင်ဘဲသွားလာနေကြသူများအား  ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံထားရခြင်းရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို မြို့နယ်မှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ခန်းမရှေ့ ၊ ပြည်ထောင်စု လမ်းမကြီး ပေါ်တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပေါက်တောမြို့ ၌‌အောက်ဆီဂျင်ထုပ်လုပ်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ
Oct 06,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ အောက်ဆီဂျင်ပြတ်လတ်မှုမရှိစေရေးအတွက် တည်ဆောက်ပြီးစီး လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံတွင် တပ်ဆင်ရန် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများအား ရန်ကုန်တိုင်း ‌မြောက်ဥက္ကပမြို့ နယ်ရှိ KTK Electrical Engineering Co.LTD ကုမ္ပဏီမှ ဝယ်ယူ၍ အောက်တိုဘာလ (၁) နေ့က မော်တော်ယာဉ် ဖြင့်သယ်ယူလာရာ ပေါက်တောမြို့သို့ ယနေ့ ညနေ(၄)နာရီခန့်တွင်ရောက်ရှိကြောင်းသိရှိရသည်။
လဲချားတွင် ကိုဗစ် -၁၉ရောဂါ ပိုးတွေ့လူနာ နှစ်ဦးထပ်မံစစ်ဆေးတွေ့ရှိ
Oct 06,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ် ပြည်သူ့ဆေးရုံ တွင် ကိုဗစ်- ၁၉ရောဂါပိုး  ရှိ/မရှိကို RDT  Test Kit ဖြင့် စစ်ဆေးရာတွင် (၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။