နောင်ချို အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ အငြိမ်းစားဆရာကြီး ဦးခင်မောင်ဌေး၏ ရင်တွင်းစကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်ရှင်။
ဆရာကတော့ နောင်ချိုမြို့ ဈေးရပ်ကွက် နယ်မြေ (၂) မှာ နေထိုင်တဲ့ ဦးခင်မောင်ဌေး ဖြစ်ပါတယ်။ အသက်ကတော့ (၆၆)နှစ်ရှိပါပြီ ။ ၂၀၁၅ ခုနှစ်လောက်က ပင်စင်ယူခဲ့တာပါ။ ၁၉၈၂ ခုနှစ်ကစပြီး အမှတ်(၃) ကျောင်းမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အမှတ်(၁၁၄) ကျောင်း ၊အမက(၁) နောင်ချို ၊အ.ထ.က ၊ နောင်ချို စတဲ့ကျောင်းတွေမှာ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ လုပ်သက် (၃၃)နှစ်ပါ။
တပည့်တွေ ဆုံးမတဲ့အခါ နောင်အနာဂတ်ရဲ့ သဘောတရားတွေနဲ့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား ဆိုတာကို အဓိက ထားပြီးဆုံးမခဲ့ကြောင်း၊ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍနဲ့ပက် သက်ပြီး ကလေးတွေရဲ့ နေရေး၊ ထိုင်ရေး ၊စားဝတ်နေရေး၊ ကျန်းမာရေးကစ၍ လိုက်ပြီး ဂရုစိုက်ရကြောင်း၊ ကလေးရဲ့ အတ္ထုပ္ပတ္တိကို သိထားရမှာဖြစ်ကြောင်း၊ ကလေးတစ်ယောက်က အတန်းထဲမှာ စာကို စိတ်မဝင်စားရင် နေမကောင်းလို့လား၊ သတိထားရကြောင်း၊ ကလေးတွေရဲ့ အောင်မြင်မှု အတိုင်းအတာကို ရရှိစေဖို့ ဆရာတွေရဲ့ စည်းရုံးရေးက အရေးပါကြောင်း၊ ရင်းနှီးမှု ၊နွေးထွေးမှု က အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
ဆရာတွေရဲ့ ကျင့်ဝတ်ကို ပြောရမယ်ဆိုရင် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ ဆိုတဲ့အတိုင်း မကောင်းမှု တွေကို မလုပ်မိဖို့ ၊ စိတ်ကိုဘယ်လိုထားရမည်ဆိုတာပြောပြရပါတယ်။ တပည့်တွေကလည်း တပည့်ကျင့်ဝတ် အတိုင်း “ လာမူကြိုစီး ထံနီးလုပ်ကျွေး” ဆိုတာဖြစ်ဖို့ တပည့်တွေက ဆရာတွေရဲ့ ရင်းနှီးမှုကို ရဖို့လိုကြောင်း၊ တပည့်တွေတင်မကဘူး ၊ မိဘတွေ လည်းအရေးကြီးကြောင်း၊ ဒါကြောင့် အားလပ်တဲ့ရက်တွေမှာ မိဘတွေဆီ လည်ပတ်ရင်း ကလေးတွေရဲ့အကြောင်းကို ဆွေးနွေးဖြစ်ကြတယ်။
ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွေကို လုပ်ငန်းခွင်မှာတုန်းက တက်ခဲ့ပါတယ်။ ပြခန်းတွေလုပ်ရတယ် ဆရာတွေရဲ့ဖျော်ဖြေရေး ကဏ္ဍတွေလည်း ပါဝင်ဆောင်ရွက်ခဲ့ရပါတယ်။ ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာ များနေ့မှာတော့ တီဗွီ ဖန်သားပြင်ပေါ်ကနေ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင်ကားကိုကြည့်ရင်း ပီတိ ဖြစ်ရပါကြောင်း၊ ယခုလို ကမ္ဘာ့ဆရာများနေ့မှာ ဖြေကြားခွင့်ရတဲ့အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ထွေးငယ်၊(ပြန်/ဆက်)