မင်းပြားမြို့၌ ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲကျင်းပ

မင်းပြား အောက်တိုဘာ ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များ၏ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီက မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခမ်းမ၌ ကျင်းပပြုလုပ်သည်။                         

ရှေးဦးစွာ မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက မင်းပြားမြို့နယ်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်မှု အခြေအနေနှင့် ကာကွယ်ဆေးဆက်လက် ထိုးနှံမည့် အစီအမံများ၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး၊ လမ်းတံတားများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု စသည့် ပြည်သူများအတွက် ဒေသဖွံ့ဖြိုးမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

 ဆက်လက်ပြီး မင်းပြားမြို့နယ်ရှိ သက်ဆိုင်ရာ ဌာနများအလိုက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ အသိပညာဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆောင်ရွက်မှုများအား တက်ရောက်လာသူများက အသီးသီး ဆွေးနွေးကြပြီး ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်အတွင်း    ဆောင်ရွက်ရန် လုပ်ငန်းများအား အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။          

သိန်းနုအောင်