ကျိုက်လတ်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သိမှတ်ဖွယ်ရာ Talk Show ဆွေးနွေးပွဲ ပြုလုပ်

ကျိုက်လတ်  အောက်တိုဘာ  ၅

၂၀၂၁ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်သိမှတ်ဖွယ်ရာများ Talk Show ဆွေးနွေးပွဲကို ကျိုက်ထို မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန၌ ယနေ့နေ့လည် ၁၂ နာရီက ပြုလုပ်သည်။

အသိပညာပေးဆွေးနွေးပွဲတွင် ကျိုက်လတ်မြို့ အထက(၂)အလယ်တန်းပြ (အငြိမ်းစား) ဆရာမ

ဒေါ်သန်းသန်းအေးက ပညာရေးလောကသို့ စတင်၀င်ရောက်လာပုံ၊ ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံ ၊ တာ၀န်ထမ်းဆောင်နေစဉ်ကာလအတွင်းတပည့်တွေအပေါ် နာ(၃)နှင့်အညီ သင်ကြားပေးခဲ့ပုံ၊ ဆရာ့ ကျင့်၀တ်နှင့်ပညာသင်ကြားပေးခဲ့ပြီး၊ တပည့်ကျင့်၀တ်နှင့် အညီလေ့လာသင်ယူခဲ့ပုံ၊ပညာ ခေတ်ဖြစ်သည်နှင့်အညီ ပညာရေးကဏ္ဍ အရေးပါလာပုံ၊ ဆရာကောင်း တယောက်ဖြစ်ရန်လိုက်နာကျင့်ကြံနေထိုင်ရမည့်အချက်များ၊ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ဌေးဌေးလှိုင်