မြိုင်မြို့တွင် အသက် ၂ လ နှင့် ၁ နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

မြိုင် အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ ပြည်သူ့ဆေးရုံတွင် အသက် ၂ လ နှင့် ၁ နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့ နံနက်ပိုင်းတွင် ‌ဆောင်ရွက်ခဲ့သည်။

မြို့ပေါ်ရပ်ကွက်များရှိ အသက် ၂ လနှင့် ၁ နှစ်ခွဲအောက်ရှိ ကလေးများအား ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာ ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေ ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်နိုင်ရန်အတွက် လစဉ် တစ်လခြား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း များကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများက မြိုင်မြို့ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

‌သူရ