သတင်းများ

ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာလမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ပေးခြင်း ရာနှုန်းပြည့်ပြီးစီး
Feb 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက် မြင့်မားလာစေရေးနှင့် သွားလာရေး လွယ်ကူ အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာ လမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ပေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
Feb 11,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ များကို ယနေ့နံနက် ၈ နာရီက သံဖြူဇရပ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်တွင် ကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Feb 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် နစ်နာဆုံးရှုံးမှု မရှိစေရန် ရည်ရွယ်၍ ပင်လယ်စာနှင့် အကင်မျိုးစုံ ရောင်းချသောဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် တိုင်းဒေသကြီး တက္ကသိုလ်များအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်း စကားပြောနှင့် ပန်းချီပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနား တတ်ရောက်
Feb 11,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်‌ထောင်စုနေ့အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး တက္ကသိုလ်များအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲများ ဆုပေးပွဲအခမ်းနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားကာ ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
တောင်ကြီးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အရုပ်ဆက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပ
Feb 11,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အရုပ်ဆက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
ကမာဝက်မြို့၌ (၂၆) ကြိမ်မြောက် ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကျင်းပ
Feb 11,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၂၆) ကြိမ်မြောက် ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများနှင့် ကာယဉာဏ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီက စိန်တောင် ရပ်ကွက်ရှိ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနတွင် EM ဘိုကာရှီ သဘာဝ မြေဩဇာလုပ်နည်း လက်တွေ့သရုပ်ပြ
Feb 11,2022
မန္တလေးတိုင်းဒေသကြီး အပူပိုင်းစိမ်းလန်းစိုပြေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ ဖွင့်လှစ်သော တောကြပ်များ လုပ်ငန်းခွင်သင်တန်း (၂/၂၀၂၂)သင်တန်းမှ သင်တန်းသား (၁၅)ဦးက ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အပူပိုင်းဒေ စိမ်းလန်းစိုပြေရေး ဦးစီးဌာန တွင် EM ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
မြစ်သားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 11,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ မြဝတီ ရသစုံမဂ္ဂဇင်း စာအုပ်မှ စာရေးဆရာ ဒေါက်တာကျော်စွာထွန်း ရေးသားထားသော "ကိန်းဂဏန်းများနှင့် နေထိုင်ခြင်း" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။