ပျော်ဘွယ်မြို့နယ်တွင် ဆပ်ပြာအဆီ ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Feb 11,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အိမ်ရှင်မများ အနေဖြင့် မိသားစုစီးပွားရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်ပိုင်တစ်နိုင် ဆပ်ပြာအဆီ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။