သတင်းများ

ပခုက္ကူမြို့နယ်တွင် Quarantine Center များ စနစ်တကျ ကြိုတင်ပြင်ထားရှိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 11,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင်  Quarantine Center များ စနစ်တကျကြိုတင်ပြင်ထားရှိနိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပခဲ့ သည်။
ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများအား အသိပေးနှိုးဆော်
Feb 11,2022
ပြင်ဦးလွင် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ပြည်သူများသိရှိစေရန် အသိပညာပေးနှိုးဆော်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)က ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်ကြီး(၄)ရှိ လူစည်ကားရာ နေရာများတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ‌ဟောပြောပွဲကျင်းပ
Feb 11,2022
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြင့်ခြင်းနှင့် ‌ဟောပြောပွဲကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉) နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Feb 11,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံ ပညာအလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 11,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။
ကမမောင်းမြို့တွင် (၇၅) နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်အတွက် အားကစားလှုပ်ရှားမှုပြိုင်ပွဲများကျင်းပ
Feb 11,2022
 ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်‌ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍  အားကစား လှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ကမ‌မောင်းမြို့ လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တနိုင်းမြို့နယ်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် (၂၅%)ရာခိုင်နှုန်း အနားယူအစားထိုး ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ
Feb 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မြို့နယ်သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့် (၂၅%)ရာခိုင်နှုန်း အနားယူခြင်း လစ်လပ်နေရာများအား ပြန်လည်အစားထိုး ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လည် (၁၁)နာရီက တနိုင်းမြို့၊ ကင်ဆားရာ ရပ်ကွက်၊ မြို့ဦး(တပ်ဦး)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့ရပ်ကွက်အတွင်းရှိ ကယားပြည်နယ်မှ တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအား အခြေခံ စားသောက်ကုန်နှင့် အဝတ်အထည်များလှူဒါန်း
Feb 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်ရှိ ကယားပြည်နယ်မှ တိုက်ပွဲရှောင် အိမ်ထောင်စု(၇၇)စုအတွက် စေတနာရှင် ပြည်သူများမှ စုပေါင်းလှူဒါန်းထားသည့် အခြေခံ စားသောက်ကုန်နှင့် အဝတ်အထည်များကို ယနေ့နံနက် ၁၀ နာရီခန့်က လှူဒါန်းခဲ့ကြောင်း သိရသည်။