သတင်းများ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖြူးမြို့နယ်၊ ကရင် ကျေးရွာတွင် မီးလင်းရေးဖွင့်ပွဲကျင်းပ
Feb 11,2022
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇီးခုံကျေးရွာအုပ်စု၊ ကရင်ကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် 33/11KV-20MVA ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ထားသော 11KV မုန်းဖီဒါကရင်ရွာ (၁)မှ Tap Off ယူ၍ 100KVA ထရန်စဖော်မာနှင့် 11 KVလိုင်း (၀.၃၆)မိုင်အား ၂၀၂၀-၂၀၂၁ ပြည်ထောင်စုဘတ်ဂျက်ဖြင့် နိုင်ငံတော်မှ ရင်နှီးမြှုပ်နှံမှု (၂၅.၇)ကျပ်သန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာ ပြီးစီးသွားပြီဖြစ်သောကြောင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးလင်းရေးဖွင့်ပွဲကို ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က အဆိုပါ ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမာမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် (Talk Show) ကျင်းပ
Feb 11,2022
‌ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန၊ Community Centre ၌ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ အနားယူအစားထိုးရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Feb 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ၂၅ ရာခိုင်းနှုန်း အနားယူ၊ အစားထိုးခြင်းရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ဘုတ်ပြင်းမြို့ မာန်အောင်ပရိယတ္တိ စာသင်ကျောင်းတိုက်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) လမုန်မှ အခြေခံပညာ အထက်တန်းကျောင်း လမုန်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်
Feb 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) လမုန်မှ အခြေခံပညာ အထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း လမုန်၌ ကျင်းပခဲ့သည်။
ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်နေ့အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပ
Feb 11,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပရာ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ ဆရာ၊ ဆရာမများနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) အမှတ်စဉ်(၇/၂၀) တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ''ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Feb 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နေ့လယ် ၁၁ နာရီက ခင်မောင်ညို(ဘောဂဗေဒ)၏ ''ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဏ္ဍအလိုက် ဖွံ့ဖြိုးမှု ဓာတ်ပုံပြပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြခန်းပါဝင်ပြသ
Feb 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်နှင့် အခြေခံ ပညာကျောင်းများ၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများနှင့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်(၈)နာရီတွင် စတင်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြခန်းပါဝင် ပြသဆောင်ရွက်ခဲ့သည်။
ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Feb 11,2022
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ် စာစောင် ပြပွဲကို ယနေ့နံနက် (၈) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။