သတင်းများ

တောင်ကုတ်တက္ကသိုလ် မေဃဝတီလမ်းဖွင့်ပွဲနှင့် ဘွဲ့နှင်းသဘင်ခန်းမ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Feb 11,2022
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တောင်ကုတ်တက္ကသိုလ်ဝန်း မေဃဝတီလမ်းဖွင့်ပွဲနှင့် နှစ်ထပ်စာသင်ဆောင် ပါဘွဲ့နှင်းသဘင်ခန်းမ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန် က တောင်ကုတ် တက္ကသိုလ်ဝန်း၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 11,2022
မွန်ပြည်နယ်၊ သထုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က မြန်မာနိုင်ငံ ကလေး များနေ့အထိမ်းအမှတ် ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ကွန်ကရစ် လမ်းသစ် ဖွင့်လှစ်
Feb 11,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ညောင်ပင်သာလမ်း ကွန်ကရစ် လမ်းသစ်ဖွင့် လှစ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲ အချိန်ခန့်ကကျင်းပ ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ကျင်းပ
Feb 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နေမှု အ‌ခြေအနေများအား ကွင်းဆင်းကြည့်ရှု
Feb 11,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ညံတောအင်းကျေး ရွာ စိုက်ပျိုးရေရရှိရေးမြစ်ရေတင်စီမံကိန်းဆောင် ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း (သုံးယောက်တွဲ) ပြိုင်ပွဲကျင်းပ
Feb 11,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိုးလုံလေလုံ လေ့ကျင့်ရေး အားကစားရုံး၌ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကာ ကော်မတီဥက္ကဋ္ဌ ဖလား ပိုက်ကျော်ခြင်း(သုံးယောက်တွဲ) ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show) ဆောင်ရွက်
Feb 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ်(TalkShow)ကို ပြုလုပ်‌ဆောင်ရွက် ခဲ့ကြသည်။
သီပေါမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်
Feb 11,2022
ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့(အကြို) အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တစည်းတလုံးတည်း လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိစေရန်အတွက် တောင်းတန်းပြည်မ မခွဲခြားဘဲ တိုင်းရင်းသား လူထုအားလုံး တညီတညွတ်တည်း၊ တစ်သွေးတစ်သားတည်း စည်းလုံးညီညွှတ်မှုကို သက်သေထူပြသနိုင်ခဲ့သော နေ့တစ်နေ့ ဖြစ်ကြာင်း သိရှိစေရန် ရည်ရွယ်၍ “ပြည်ထောင်စုနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (TalkShow)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။