ပူတာအိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲယှဉ်ပြိုင်
Feb 11,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ ကျောင်းသူ၊ ကျောင်းသားများ အရောင်ကို ခွဲခြားတတ်စေပြီး အရောင်ကို အသုံးပြုတတ်လာစေရန်၊ စည်းဘောင်များကို သိရှိနား လည်လာစေရန်၊ ကလေးများ တီထွင်ကြံဆတတ်သည့် စိတ်ကူးစိတ်သန်းများ ရှင်သန်လာစေရန်နှင့် မျိုးချစ်စိတ်ရှင် သန်ခိုင်မာလာစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။