မုံရွာမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Feb 11,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆန်းမင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့နယ် လူဝင်မှုကြီးကြပ် ရေးမှူး ဦးသန်းမင်းစိုး ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက် (၉)နာရီက မုံရွာမြို့ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆) အလတ်စား စက်ပြင်ရုံအတွင်းရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဂွေကြီးရပ်ကွက်နေ ပြည်သူစုစုပါင်း (၇၀)ဦးခန့်အား နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။