ကျိုက်ဒုံမြို့၌ သံဃာ့ဆေးကုသဆောင် လွှဲပြောင်းပေးအပ်ပွဲနှင့် ရေစက်သွန်းချအလှူတော် မင်္ဂလာပွဲ
Feb 11,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ တိုက်နယ်ဆေးရုံဝင်း၌ ယနေ့ နံနက် ၉နာရီက ဌာနဆိုင်ရာများနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်း ဆောက်လုပ်ထားသည့် သံဃာ့ ဆေးကုသဆောင် လွှဲပြောင်းပေးအပ်ပွဲနှင့် ရေစက်သွန်းချအလှူတော် မင်္ဂလာပွဲ အခမ်းအနား ကျင်းပသည်။ အခမ်းအနာကို နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျိုက်ဒုံမြို့ ကွင်းကလေးကျောင်းတိုက် ဆရာတော်ထံတွင် အလှူရှင်များက ငါးပါးသီလခံယူခြင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှ သံဃာ့နာယကဩဝါဒဆရာတော်၊ သံဃာတော်များထံတွင် သံဃာ့ဆေးကုသဆောင် ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ရသည်များအား လျှောက်ထားပြီး တိုက်နယ် ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးထံ လွဲပြောင်းပေးအပ်ခဲ့သည်။