မောက်မယ် ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မူလတန်းဆင့် ပုံပြောပြိုင်ပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်နန်းမိုခမ်း က ကလေးငယ်များ၏ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိလာစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မူလတန်းဆင့် ပုံပြောပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားကာ ပြိုင်ပွဲနှင့်စပ်လျဉ်း၍ အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်းပြောကြားပြီး အခြေခံပညာ အထက်တန်းကျောင်းနှင့် စျေးတန်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား ကျောင်းသူများ (၁၀)ဦးက သူ့ကျွန်မခံ ဇာတိမာန် ခေါင်းစဉ်ဖြင့် လာရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိဆရာမများတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများတို့က ဖြန့်ဝေခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများ တက်ရောက်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)