ပုလော ဖေဖော်ဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဟိန်းကျော်က ကျောင်းသား/သူများ အနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံကို သိရှိပြီး၊ ကိုယ်ရည် ကိုယ်သွေးစွမ်းရည် မြှင့်မားလာစေရန်၊ နိုင်ငံချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာဝတ်စား ဆင်ယင်မှုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား/သူများကို ကျောင်းအုပ် ဆရာကြီးနှင့် ကျောင်း အကျိုးတော်ဆောင်များက ဆုများအသီးသီး ချီးမြှင့်ခဲ့ ကြကြောင်း သိရသည်။
အေးအေးမော် (ပုလော)