ဝါးအခြေခံထုတ်ကုန်များ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေး ပြုစုထိန်းသိမ်းခြင်း၊ ဘဏ်လုပ်ငန်းနှင့် ချေးငွေဆိုင်ရာ သတင်းအချက်အလက်များမျှဝေခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နမ့်ဆန် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အခြေခံထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ဘဏ်လုပ်ငန်းနှင့် ချေးငွေဆိုင်ရာ သတင်းအချက်အလက် မျှဝေဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်မှ အမှာစကားပြောကြားပြီး သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်မှ မိတ်ဆက်ခြင်းနှင့် ဝါးအခြေခံထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ပြုစုထိန်း သိမ်းခြင်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းခြင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးမှုဘဏ် ခရိုင်မန်နေဂျာ ဦးကျော်လွင်မှ မိတ်ဆက်ခြင်း နှင့် နှစ်တို/ နှစ်ရှည် စီမံကိန်းအကြောင်း သိကောင်းစရာများအား ရှင်းလင်းခြင်း၊ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဦးမင်းလွင်မှ မိတ်ဆက်ခြင်းနှင့် SME ချေးငွေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းခြင်း၊ သမဝါယမဦးစီးဌာန လက်ထောက် ညွှန်ကြား‌ရေးမှူး ဦးစောဘုန်းမြင့်မှ သမဝါယမဖွဲ့စည်းမှုနှင့် ချေးငွေအကြောင်း ရှင်းလင်းခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူ မှ မြစိမ်းရောင်စီမံကိန်းအကြောင်း ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းကို နမ့်ဆန်မြို့နယ် ကျေးရွာအသီးသီးမှ သင်းတန်းသား/ သင်တန်းသူ (၃၀)ဦးနှင့် မန်တုံမြို့နယ်မှ သင်တန်းသား/ သင်တန်းသူ (၃၀)ဦး စုစုပေါင်း (၆၀)ဦး တက်ရောက်ပြီး သင်တန်းကာလကို နှစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နမ့်ဆန်ဒေသ