ပြည်ကြီးမဏ္ဍိုင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ကျင်းပ

ပြည်ကြီးမဏ္ဍိုင် ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီ အချိန်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက (၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းမှတ် Talk Show ကျင်းပပြုလုပ် ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အခြေခံပညာ အထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်မြို့) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းမြိုင်က မြန်မာနိုင်ငံအပေါ် နယ်ချဲ့တိုင်းတစ်ပါးများက မတရားခြယ်လှယ် သိမ်းပိုက်ခဲ့ကြပြီး ပြည်ထောင်စုတိုင်းရင်းသားများကို သွေးခွဲအုပ်ချုပ်ခဲ့ကြောင်း တိုင်းရင်းသားလူမျိုးအသီးသီး၏ စည်းလုံးညီညွှတ်မှုအင်အားကို ပြဆိုသည့်အနေဖြင့် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ သဖြင့် “ပြည်ထောင်စုနေ့” ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ယနေ့ခေတ် လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)