သတင်းများ

မြင်းခြံမြို့၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Feb 11,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈) နာရီအချိန်တွင် ဌာနဆိုင်ရာများမှ ဝန်ထမ်းများသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 11,2022
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်  ကျရောက်မည့် (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်   သတင်းစကား  လက်ကမ်းစာစောင်များကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ မန္တလေးမြို့တော်ခန်းမရှိ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့တွင် ယနေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။
ကလိန်အောင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင် ပြသ
Feb 11,2022
 အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိ‌‌စေရန်နှင့် မှတ်သားအတုယူနိုင်စေရန်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရင့်သန်လာစေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ခင်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ နံရံကပ်စာစောင်တွင် ယနေ့ နံနက် ၈ နာရီကပြသဆောင်ရွက် ထားကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင် ၊ ဓါတ်ပုံပြပွဲ နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Feb 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နံရံကပ်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင် ပြပွဲအားယနေ့နံနက် (၁၀)နာရီ အချိန်က ပြည်သူ့စာကြည့်တိုက် (Community    Centre) ခန်းမနှင့် ရုံးရှေ့ တွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်
Feb 11,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်နှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Feb 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကိုယနေ့နေ့လည်(၁)နာရီ အချိန်က သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Feb 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက အောင်သာဝတီခန်းမ၌ ပြုလုပ်ခဲ့သည်။
ဝေါလေမြိုင်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Feb 11,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါလေမြိုင်မြို့၌ ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဝေါလေမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။