ခရမ်း ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများ၊ သံဃာတော်များ၊ အသက် ၆၅ နှစ် နှင့်အထက် အဘိုးအဘွားများ၊ အစိုးရ၊ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စဉ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလို ကြားသိရပါသည်။
ဒေါ်စန်းစန်း(၄၈)နှစ် (ကမာမတ်) ကျေးရွာ၊ ခရမ်းမြို့ သမီးက အသက်၁၈ ပြည့်ပြီးလို့ ကာကွယ်ဆေးကို လာရောက် ထိုးနှံခြင်းဖြစ်ပါတယ်၊ ကာကွယ်ဆေး ထိုးချင်တာတော့ကြာပါပြီ အသက်၁၈နှစ်မပြည့်သေးလို့၊ အခုလိုကာကွယ်ဆေး ထိုးခွင့်ရလို့ ၀မ်းသာမိပါတယ်၊ လူအများ ကြားထဲသွားလာရာမှာလဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ သွားလာလို့ရတာပေါ့၊ အခုဆို အိုမီခရွန်ရောဂါတွေ ကြားနေရတော့ ပိုကြောက်လာတယ်၊ ကာကွယ်ဆေးမထိုးရသေးသူတွေလဲ လာထိုးဖို့ ပြောချင်ပါတယ်၊ ဆောင်ရွက်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါ တယ်။
မောင် ဝေရန်ကျော် (၂၆ )နှစ် ( ကင်မွန်းခြုံကျေးရွာ )
အခုလိုကာကွယ်ဆေးတွေထိုးပြီးပြီဆိုတော့ ပျော်ရတာပေါ့ဗျာ၊ ဆေးအပေါ် အပြည့်အဝ ယုံကြည်တယ်၊ကာကွယ်ဆေးမထိုးနှံရသူတွေလဲ လာရောက်ထိုးနှံစေလိုပါတယ်။ အခုလို ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကိုယ့်ကိုယ့် အားရှိသွားသလို ခံစားမိသွားတယ်၊ ဆေးထိုးလိုက်ရလို့ စိတ်ချမ်းသာပြီး ပျော်ရွှင်မိပါတယ် ဟု ကြားသိခဲ့ရသည်။
ကိုမင်း (ခရမ်း)