မိတ္ထီလာ ဖေဖော်ဝါရီ ၁၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း ဒုလက်ထောက် ကြီးကြပ်ရေးမှူး (တွဲမှတ်) သင်တန်းအမှတ်စဉ် (၄၄/၂၀၂၁)နှင့် တွဲထိန်း(အခြေခံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၂)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသူများကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့ သည်။ ယင်းနောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မျိုးကျော်က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ကြီးက သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)