ဝမ်းတွင်းမြို့နယ်တွင် ဝမ်းတွင်း-ပင်းတလဲလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ဝမ်းတွင်း ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဝမ်းတွင်း-ပင်းတလဲ လမ်းကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းကို မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ဝမ်းတွင်းမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း စီးပွားရေးနှင့် အခြားသော လူမှုဘဝကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကျေးလက်လမ်းများကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ စက်မှုလက်မှုလုပ်ငန်းများ အချိန်တို အတွင်း ဆက်သွယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဝမ်းတွင်း ပင်းတလဲလမ်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၎င်းဝမ်းတွင်း-ပင်းတလဲလမ်း ကတ္တရာခင်းခြင်းအနေဖြင့် (1.474kmx3.66mx375mm) (၀/၇.၃၃)မိုင်ရှိပြီး မြစ်ဧရာကုမ္ပဏီမှ (၁၆၈.၁)သန်းဖြင့် တင်ဒါအောင်မြင်ပြီး တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။

အဆိုပါ ဝမ်းတွင်း-ပင်းတလဲလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ဝမ်းတွင်းမြိုနယ်၏ အနောက်ဘက်ခြမ်း ကျေးရွာများနှင့် ဝမ်းတွင်းမြို့တို့အား ရာသီမရွေး အချိန်တိုအတွင်း ကူးလူးသွားလာနိုင်ပြီး ကျေးလက်နေပြည်သူများရဲ့ စိးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအစရှိသော လူမှုဘဝများ အဆင်ပြေ ချောမွေးလာမည်ဖြစ်ကြောင်း ကျေးလက်နေပြည်သူ ဦးကျော်လွင်ထံမှ သိရှိရသည်။

ဌေးလှိုင်