ဟင်္သာတ ဖေဖေါ်ဝါရီ ၁၁
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြည်ထောင်စုနေ့ အကြောင်း သိကောင်း စရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမာက Talk Show ဆွေးနွေပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဟင်္သာတမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အလုပ်အမှုဆောင် ဆရာမကြီး ဒေါ်တင်တင်လှိုင်က ပြည်ထောင်စုနေ့ သမိုင်းကြောင်း များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ စသည့်အကြောင်းအရာများ၊ (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များအကြောင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ကိုဇော်