ပဲခူး ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ သက်ကြီးဘောလုံးပွဲစသည့် အားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ဟင်္သာတင်းနစ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တင်းနစ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ ကြသည်။
ထို့နောက် ဆုချီးမြင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပထမဦးစွာ သမီးငယ်လေးများက အေရိုးဗစ်သရုပ်ပြအကများဖြင့် ကပြဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် ဝန်ကြီးများ ဥပဒေချုပ် ဦးခင်မောင်တင့်၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အားကစား ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ သက်ကြီး ဘောလုံးပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသော အသင်းများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် မီနီမာရသွန်၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ သက်ကြီးဘောလုံး၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်း (၆)မျိုးအား ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မီနီမာရသွန်ပြိုင်ပွဲအား (ကျား/မ)ခွဲ၍ ဖေဖော်ဝါရီလ(၁) ရက်နေ့တွင်လည်းကောင်း၊ တင်းနစ်ပြိုင်ပွဲ အား ဟင်္သာတင်းနစ်ကွင်းတွင်လည်းကောင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲတို့အား တိုင်းအား ကစားခန်းမတွင်လည်းကောင်း၊ သက်ကြီးဘောလုံးပြိုင်ပွဲအား ဟံသာဝတီယူနိုက်တက် အားကစားကွင်း၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ ကြကြောင်း သိရသည်။
ဝဏ္ဏမောင်(ပြန်/ဆက်)